မမင်းဖြူမှန်မှန်ပြော ခလေးအဖေဘယ်သူလဲ

ဒီသီတင်းလေးက တကယ့်အဖြစ်အပျက်လေးပါ။ ဒီသီတင်းလေးကို ဖော်ပြလို့  ကျနော်တို့ ကိုတော့ အပြစ်မမြင်စေချင်ပါဘူး။ ထူးထူးဆန်းဆန်း သီတင်းလေးဖြစ်နေလို့  ဖြန့် ဝေလိုက်တာပါ။ အကြောင်းအရာလေးကို တတ်နိုင်သမျှ မညစ်ညမ်းစေတဲ့ ကိုယ်စားညပြု ဝေါဟာရများဖြင့်အစားထိုးထားပါတယ်။
  ဒီသီတင်းမြစ်ဖျားခံရာ နိုင်ငံက ဂျာမနီနိုင်ငံ စတတ်ဂါ့မြို့ ငယ်လေးက စလာတာပါ။ အံ့သြစရာ၊ ဝမ်းနည်းဝမ်းသာ၊ ဟာသမြောက်တဲ့  ဇာတ်လမ်းတစ်ပုဒ်ပါ။
  မြန်မာစကားနဲ့ ပြောရရင်တော့  ရုံးရောက်၊ ဂတ်ရောက်၊ နောက်ဆုံးတရားရုံးက ဘယ်လို အမိန့် ချရမလဲ ခေါင်းစားနေတယ်လေ။  အမှုကဒီလိုပါ။ အလှမယ်တစ်ယောက်ကိုလက်ထပ်
ထားတဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဆိုသူအမျိုးသားဟာ အိမ်ထောင်ပြုပြီးသားသမီး
သိပ်လိုချင်ခဲ့ ပါတယ်။ အချိန်တွေသာတစ်ရွေ့ ရွေ့ ကုန်သွားတယ် သားသမီးကရမလာတော့ 
ဆေးရုံမှာ သူ့ ကိုယ်သူ သွားစစ်လိုက်တာ သူဟာ သားသမီးမရနိုင်တဲ့  ယောင်္ကျားတစ်ယောက်
ဖြစ်နေပါသတဲ့ ။ ဒါနဲ့  သူ့ ဇနီးသည် ဆန္ဒအရ နောက်ဆုံးကိုယ့်သွေားသားမဟုတ်ရင်တောင်
ဇနီးသည်ရင်နဲ့  လွယ်မွေးပေးမယ့်  ခလေးရနိုင်တဲ့  အကြံတစ်ခုကို လက်ခံလိုက်ပါတော့တယ်။
ဒီလိုနဲ့  ဇနီးမောင်နှံ နှစ်ယောက်ရဲ့  သဘောတူညီချက်အရ ၄င်းတို့ အိမ်နီးချင်းမှာရှိတဲ့  ခလေး
၂ ယောက်အဖေ ၃၆ နှစ်အရွယ် Frank Maus ထံ အလုပ်အပ်လိုက်ပါတယ်။ ခလေး ၂ ယောက်တောင်ရထားတဲ့ သူဆိုတော့လည်း ယုံယုံကြည်ကြည် အလုပ်အပ်နှံလိုက်ပါတယ်။
သူ့ မိန်းမ အလှမယ်လေး ခလေးရဖို့  တစ်ပတ်မှာ Frank နဲ့  ၃ ကြိမ်နေထိုင်ခွင့်ပေးရပါတယ်။
ဒါ့အပြင် တာဝန်ထမ်းဆောင်ခ တစ်လလျှင်ဒေါ်လာ ၂၅၀၀ နဲ့  ၆လစာ ပေးရပါတယ်။
ဒီစာချုပ်ကို ကန့် ကွက်သူတစ်ယောက်တော့ရှိပါတယ်။ သူကတော့  Frank ရဲ့  ဇနီးဖြစ်သူပါ။
ဒါပေမယ့်  Frank က သူ့ ဇနီးသည်ကို ( ဒီအလုပ်ကို ငါတကယ်မလုပ်ချင်ပါဘူးကွာ..ငွေရလို့ ပါ)
လို့  နှစ်သိမ့်  ခဲ့ ပါတယ်။ နောက်တော့ ၆ လသာပြည့်သွားတယ်..အလှမယ်လေးမှာ သားသမီးမရခဲ့ ပါဘူး။ ဒါနဲ့  Frank ကို ဆေးစစ်လိုက်တဲ့ အခါမှာ သူလည်း ခလေးမရနိုင်တဲ့ 
ယောင်္ကျားတစ်ယောက်ဖြစ်နေပါသတဲ့ ။ ဒါနဲ့  အလှမယ်လေးရဲ့  ခင်ပွန်းသည်က ဒေါသတွေ
ထွက် စိတ်တွေဆိုးပြီး တရားရုံးမှာ တရားဆွဲပါတော့တယ်။ Frank ဘက်ကလည်း စာချုပ်ထဲမှာ
" အစွမ်းရှိသလောက်ကူညီမယ် " လို့ ပဲပါပြီး " ခလေးရရစေမယ် " လို့ အာမခံမထားပါဘူးတဲ့ ။
တရားရုံးမှာ အေးအေးဆေးဆေး ပဲ ရင်ဆိုင်ကြပါတယ်။ သူ့ ကိုအကူအညီလာတောင်းတာတဲ့ 
         ဒီနေရာ မှာ အံ့ သြစရာ တစ်ခုတော့ရှိပါတယ်။ Frank မှာ ဘာလို့ ခလေးနှစ်ယောက်
ရခဲ့ တာလဲ ဆိုတဲ့ မေးခွန်းပါ။ မအံ့ သြသူတစ်ယောက်တော့  ရှိပါတယ်။ သူကတော့ 
Frank ရဲ့ ဇနီးသည်ပါ။ သူကလည်း ရုံးတော်မှာ ဝန်ခံပါတယ်။ ခု ရှိတဲ့ ခလေး ၂ ယောက်ကလည်း Frank နဲ့  ရထားတဲ့ သူတစ်ယောက်မှ မဟုတ်ပါဘူးတဲ့ လေ။ (သေပီချရာ) 
       Frank ရဲ့  ဇနီးသည်ကလည်း တားခဲ့ သေးသားပဲနော် 
                                     ဟာသလေးမို့  တင်လိုက်တာပါ
                                         ဖတ်ရတာ ရိုင်းတယ်ထင်ရင်လည်း ရင်ခွင်သစ် က
                                              တောင်းပန်ပါတယ်
                   ကျေးဇူးတင်စွာဖြင့် ( ရင်ခွင်သစ် )
                                               

မလေးရှားနိုင်ငံ အဓမ္မကျင့်သူအတွက် ချမှတ်သော ကြိမ်ဒဏ်

မိန်းကလေးတို့ အတွက် တစ်သက်စာမှတ်စရာ

   ဂျာနယ်တိုက် တစ်ခုမှပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အင်မတန်မိန်းမပွေရှုပ်တယ်ဟု
နာမည်ကြီးသော အဆိုတော်တစ်ယောက်ကိုမေးသည်မှာ...............
 မေးသူ။....။ အကို့ ကို ပရိတ်သတ်တစ်ချို့ ကပြောနေကြတဲ့  အိုင်တွေ့ တိုင်းခြေဆေးတယ်တဲ့ 
 ဒီစကားနဲ့ ပတ်သက်ပြီး အကိုဘာများပြောချင်ပါသလဲ။
 အဆိုတော်။....။ ဟုတ်ကဲ့ ..ပရိတ်သတ်တွေပြောနေကြတဲ့  အိုင်တွေ့ တိုင်း ကျနော်ကခြေဆေး
တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်  ကျနော်ပြောချင်တာလေးတစ်ခုတော့ရှိပါတယ်။ ကျနော့် 
အနေနဲ့  အိုင်တွေ့ တိုင်းခြေဆေးတာမဆန်းပါဘူး။ဘာလို့ လဲဆိုတော့ ကျနော်ခြေဆေးတာက
အိုင်ထဲကရေပဲလေ။ သောက်ရေ၊ သုံးရေအိုးထဲက ရေမှမဟုတ်ပဲ။ မိန်းခလေးဆိုတာ ကိုယ့်ဘဝ
ကို တန်ဖိုးရှိတဲ့ ရေလိုနေရင် တန်ဖိုးရှိမယ်။ ကိုယ့်ဘဝကို ရေအိုင်ထဲကရေလိုနေရင် တန်ဖိုးမဲ့ 
မယ်။ဒါကို ကောင်းကောင်းသိထားဖို့ တော့ လိုအပ်ပါတယ်။ သောက်သုံးရေ ခြေဆေးတဲ့  
ယောင်္ကျားဆိုတာ ရှားပါတယ်။ ရှိရင်လဲ အဲဒီယောင်္ကျားဟာ စိတ်ဓါတ်ညံ့ဖျင်းတဲ့  ယောင်္ကျားပဲ
ဖြစ်ပါလိမ့် မယ်။
       ကဲ... စာဖတ်သူ အမ၊ ညီမတို့ ရေ...ကျနော်တင်ပြတဲ့  အကြောင်းအရာလေးကို သဘောပေါက်ကြမှာပါနော်။ ကျနော်တို့ မြန်မာမိန်းကလေးတွေရဲ့ ရှေးယခင် သမိုင်းကို
ကြည့်မယ်ဆိုရင် ကိုယ့်ဘဝကို အသက်ထက် မြတ်နိုးတန်ဖိုးထားကြပါတယ်။ ယနေ့ ခေတ်မှာ
တစ်ချို့ သော မိန်းခလေးတွေဟာ ကိုယ့်ဘဝကို တန်ဖိုးထားမှုတွေ နည်းလာကြပါပြီ။ ဒါ့ ကြောင့်
ကျနော် ဖတ်ဖူးတဲ့  ဆရာကံချွန်ရဲ့ အတွေးလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ညီမတို့ 
အမတို့ လည်း ကိုယ့် ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်သူတွေ ဖြစ်ကြပါစေ...
ညီအကိုတို့ လည်း မိန်းမသားတို့ ဘဝကို စာနာနားလည်နိုင်ကြပါစေ.... 
                                        စာဖတ်သူအပေါင်း ရွှင်လန်းချမ့် မြေ့ကြပါစေ
                                                ကျေးဇူးတင်စွာဖြင့်  ( ရင်ခွင်သစ် )
  မှတ်ချက်။ ခေါင်းလောင်းသံ   ရသစုံသတင်းနှင့် ရုပ်သံဂျာနယ်မှ ကူးယူဖော်ပြပါသည်။







 

ပြည်ပရောက် မြန်မာမိန်းကလေးတွေရဲ့  ရင်နာစရာ ဖြစ်ရပ်

မြန်မာမိန်းကလေးများကို ပြုပြင်စေချင်သော

         facebook ပေါ်ကိုရောက်လာတဲ့  Video Record တစ်ခုကို ကြည့်လိုက်ရလို့ ဒီစာလေးကို ရေးဖို့ စိတ်ကူးပေါ်လာမိပါသည်။မည်သူ့ 
ကိုမှ ပုတ်ခတ်ဆော်ကားလိုသော စိတ်မရှိရိုးအမှန်ပါ။ကျနော် မြင်တွေ့ 
နေရတဲ့  အဖြစ်အပျက်လေးတွေနဲ့  ယှဉ်ပြီး ကျနော် တွေးမိတာလေးကို
ရေးလိုက်ပါရစေ။အဓိက ရည်ရွယ်ချက်ကတော့  စိတ်ဓါတ် နဲ့  အသိ
လေးတွေကို ပြုပြင်စေချင်တာပါ။
          နိုင်ငံခြားမှာ ရောက်နေတဲ့  မိန်းကလေး အများစုဟာ ကိုယ်ကျင့်တရားတွေ အတော်လေး ယိုင်နေပါတယ်။တွဲသွားတာတွေ
တွေ့ မိတယ်...နိုင်ငံခြားသားနဲ့ ဗျာ..ဒီမှာ ဘင်္ဂလားရှိတယ်၊ နီပေါရှိတယ်
အိုး...လူမျိုးပေါင်းစုံရှိတယ်ပေါ့ ဗျာ..ကြုံရာနဲ့  ကြိုက်နေကြတာ...ဒီလူ
တွေအားလုံးဟာ..အချိန်တန်ရင် ကိုယ့်အိမ် ကိုယ်ပြန်ကြမယ့် သူတွေပါ
မြန်မာ မိန်းကလေးတွေ အတွက် ကျန်ခဲ့ မယ့်  အကျိုးရလဒ်ကတော့  ဘာလဲ မသိဘူးဗျာ..ကျနော့်  ရှေ့မှာ မြင်တွေ့ နေရတာတွေကို ကြည့်
ပြီး အတော်လေး စိတ်မကောင်းဘူးဗျာ...မြန်မာပြည်မှာ ကျန်ခဲ့ တဲ့  သူတို့ ..သူတို့ ရဲ့  မိဘ မောင်ဘွားတွေကို သိစေချင်တယ်...ကိုယ့် ရှေ့
မှာ တစ်ခြားနိုင်ငံသားအချင်းချင်းပြောနေတာ မျိုးမကြာခဏကြားရ
တယ်...ဟို မြန်မာဆော်က ဘယ်လိုကွ..ဘာညာကွ ဆိုတာမျိုးတွေ
သူတို့ ရှေ့မှာ မြန်မာလို့ သိမှာစိုးလို့  လျှိုနေရတယ်..ရှက်လွန်းလို့ ပါ
မြန်မာမိန်းကလေးတွေကို မြန်မာပီသစေချင်ပါတယ်...ကမ္ဘာမှာ
မြန်မာဟေ့ ဆိုရင် ယဉ်ကျေးသော၊ သိက္ခာရှိသော နိုင်ငံ လို့ ပြောလို့ ရ
ပါတယ်...ခုတော့ ဗျာ...မြန်မာပြည်မှာ မိဘရင်ခွင်မှာနေရတဲ့  မိန်းက
လေးတွေ တောင်..အင်မတန် အထိမ်းအသိမ်းကောင်းမှ တော်ရုံကျတာ
ခုလို မိဘ.မောင်ဘွား မရှိတဲ့  နေရာမျိုးမှာ ရောက်လာတော့  သူတို့ 
အတွက် ရှက်ရ..ကြောက်ရမယ့်  သူမရှိတော့ပါဘူး...မိန်းကလေးတစ်
ယောက်မှာ ရှိသင့်တဲ့  ကိုယ်ကျင့်သိက္ခာ..စောင့်ထိမ်းရမယ့်  ဝတ္တရား၊
ကိုယ့်  လူမျိုးရဲ့  ဂုဏ်..ကိုယ် ကိုယ် တိုင် မြှင့်တင်မှ ရမှာပါ..ကိုယ့်  ကိုယ် ကိုယ် တန်ဖိုးထားမှ သူတစ်ပါးကလည်း တန်ဖိုးထားမှာပါ...
တစ်ဦးချင်း တစ်ယောက်ချင်းဆီမှာ တာဝန်ရှိပါတယ်...ဘယ်သူမပြု မိမိမှု ဆိုသလိုပါပဲ...ဒါပေမယ့်  ကျနော်တို့  နိုင်ငံသာ  တခြားနိုင်ငံ
တွေလို တိုးတက်ခဲ့ မယ် ဆိုရင် ကျနော်တို့ မြန်မာ မိန်းကလေးတွေ
သူများနိုင်ငံမှာ လာပြီးကျွန်ခံစရာမလိုပါဘူး..အဓိက ဘယ်သူတွေမှာ
တာဝန်ရှိပါသလဲ...မြန်မာနိုင်ငံဟာ တိုးတက်ဖို့  အခွင့်အရေးတွေ ရှိပါလျှက်နဲ့  မတိုးတက်ခဲ့ ဘူး...ဟိုး.အောက်ဆုံးမှာ ကျန်ခဲ့ ရတယ်

ကျနော်တို့ မြန်မာလူမျိုးတွေ နိုင်ငံခြားမှာ လာပြီး အလုပ်.လုပ်ကြရ
ဟာ..ကိုယ့် နိုင်ငံမှာ ပိုက်ဆံရှာရတာ မလွယ်လို့ သူများနိုင်ငံမှာ
လာပြီး အလုပ်လုပ်..ပိုက်ဆံရှာရတာပါ..တနည်းအားဖြင့်ပြောမယ်ဆိုရင်
သူများနိုင်ငံ တိုးတက်ဖို့  လာပြီး ကျနော်တို့ တွေရဲ့  သွေးနဲ့ ၊ ချွေးနဲ့ 
ပေးဆပ်နေရတာပါ..တကယ်တမ်း ဒီလူတွေရဲ့  ခွန်အားတွေ ဟာ ကိုယ့်
နိုင်ငံတိုးတက်ဖို့  အတွက်ပဲ ဖြစ်ချင်ပါတယ်...ယခုဆိုရင် နိုင်ငံတော် သမ္မတကြီးကလည်း နိုင်ငံတိုးတက်ရေး အတွက်အကောင်းဆုံး   ဖြစ်အောင် လုပ်ဆောင်နေပါပြီ...ပိတ်ဆို့ နေတဲ့  လမ်းတွေ.အခွင့်
အရေးတွေလည်း တဖြည်းဖြည်းဖွင့်ပေးလာပါပြီ...အမေစုလည်း နေရာ
ရလာလို့  နိုင်ငံတော်အတွက် လုပ်ပိုင်ခွင့်ရလာမယ် ဆိုရင် များမကြာမီ
အတောအတွင်းမှာ ခေတ်မီတိုးတက် တဲ့  နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမယ်
လို့  ယုံကြည်မျှော်လင့်ပါတယ်...သမ္မတကြီးနဲ့  အမေစုကို တိုင်တည်ပြီး
ပြောချင်ပါတယ်...ကျနော်တို့ လို နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေရသူ
တွေကို သူများနိုင်ငံနည်းတူ အလုပ်ပေးနိုင်အောင် ဖန်တီးပြီး ပြန်ခေါ်
စေချင်ပါတယ်...ကျနော်တို့ ရဲ့  လုပ်အား..ခွန်အားတွေဟာ ကိုယ့် နိုင်ငံ
ကိုယ့် လူမျိုးအတွက်ပဲ ဖြစ်ချင်ပါတယ်...နိုင်ငံခြားမှာ အလုပ် လုပ်နေ
တဲ့  မိန်းကလေးတွေကလည်း ကိုယ့်  နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ်ကိုယ်၌
ရဲ့  ဂုဏ်သိက္ခာအတွက် ခုကတည်းက ပြုပြင်စေချင်ပါတယ်...
                 အားလုံးကို ကျေးဇူးတင်စွာဖြင့် 
                                                       ( ရင်ခွင်သစ် )