မြန်မာမိန်းကလေးများကို ပြုပြင်စေချင်သော

         facebook ပေါ်ကိုရောက်လာတဲ့  Video Record တစ်ခုကို ကြည့်လိုက်ရလို့ ဒီစာလေးကို ရေးဖို့ စိတ်ကူးပေါ်လာမိပါသည်။မည်သူ့ 
ကိုမှ ပုတ်ခတ်ဆော်ကားလိုသော စိတ်မရှိရိုးအမှန်ပါ။ကျနော် မြင်တွေ့ 
နေရတဲ့  အဖြစ်အပျက်လေးတွေနဲ့  ယှဉ်ပြီး ကျနော် တွေးမိတာလေးကို
ရေးလိုက်ပါရစေ။အဓိက ရည်ရွယ်ချက်ကတော့  စိတ်ဓါတ် နဲ့  အသိ
လေးတွေကို ပြုပြင်စေချင်တာပါ။
          နိုင်ငံခြားမှာ ရောက်နေတဲ့  မိန်းကလေး အများစုဟာ ကိုယ်ကျင့်တရားတွေ အတော်လေး ယိုင်နေပါတယ်။တွဲသွားတာတွေ
တွေ့ မိတယ်...နိုင်ငံခြားသားနဲ့ ဗျာ..ဒီမှာ ဘင်္ဂလားရှိတယ်၊ နီပေါရှိတယ်
အိုး...လူမျိုးပေါင်းစုံရှိတယ်ပေါ့ ဗျာ..ကြုံရာနဲ့  ကြိုက်နေကြတာ...ဒီလူ
တွေအားလုံးဟာ..အချိန်တန်ရင် ကိုယ့်အိမ် ကိုယ်ပြန်ကြမယ့် သူတွေပါ
မြန်မာ မိန်းကလေးတွေ အတွက် ကျန်ခဲ့ မယ့်  အကျိုးရလဒ်ကတော့  ဘာလဲ မသိဘူးဗျာ..ကျနော့်  ရှေ့မှာ မြင်တွေ့ နေရတာတွေကို ကြည့်
ပြီး အတော်လေး စိတ်မကောင်းဘူးဗျာ...မြန်မာပြည်မှာ ကျန်ခဲ့ တဲ့  သူတို့ ..သူတို့ ရဲ့  မိဘ မောင်ဘွားတွေကို သိစေချင်တယ်...ကိုယ့် ရှေ့
မှာ တစ်ခြားနိုင်ငံသားအချင်းချင်းပြောနေတာ မျိုးမကြာခဏကြားရ
တယ်...ဟို မြန်မာဆော်က ဘယ်လိုကွ..ဘာညာကွ ဆိုတာမျိုးတွေ
သူတို့ ရှေ့မှာ မြန်မာလို့ သိမှာစိုးလို့  လျှိုနေရတယ်..ရှက်လွန်းလို့ ပါ
မြန်မာမိန်းကလေးတွေကို မြန်မာပီသစေချင်ပါတယ်...ကမ္ဘာမှာ
မြန်မာဟေ့ ဆိုရင် ယဉ်ကျေးသော၊ သိက္ခာရှိသော နိုင်ငံ လို့ ပြောလို့ ရ
ပါတယ်...ခုတော့ ဗျာ...မြန်မာပြည်မှာ မိဘရင်ခွင်မှာနေရတဲ့  မိန်းက
လေးတွေ တောင်..အင်မတန် အထိမ်းအသိမ်းကောင်းမှ တော်ရုံကျတာ
ခုလို မိဘ.မောင်ဘွား မရှိတဲ့  နေရာမျိုးမှာ ရောက်လာတော့  သူတို့ 
အတွက် ရှက်ရ..ကြောက်ရမယ့်  သူမရှိတော့ပါဘူး...မိန်းကလေးတစ်
ယောက်မှာ ရှိသင့်တဲ့  ကိုယ်ကျင့်သိက္ခာ..စောင့်ထိမ်းရမယ့်  ဝတ္တရား၊
ကိုယ့်  လူမျိုးရဲ့  ဂုဏ်..ကိုယ် ကိုယ် တိုင် မြှင့်တင်မှ ရမှာပါ..ကိုယ့်  ကိုယ် ကိုယ် တန်ဖိုးထားမှ သူတစ်ပါးကလည်း တန်ဖိုးထားမှာပါ...
တစ်ဦးချင်း တစ်ယောက်ချင်းဆီမှာ တာဝန်ရှိပါတယ်...ဘယ်သူမပြု မိမိမှု ဆိုသလိုပါပဲ...ဒါပေမယ့်  ကျနော်တို့  နိုင်ငံသာ  တခြားနိုင်ငံ
တွေလို တိုးတက်ခဲ့ မယ် ဆိုရင် ကျနော်တို့ မြန်မာ မိန်းကလေးတွေ
သူများနိုင်ငံမှာ လာပြီးကျွန်ခံစရာမလိုပါဘူး..အဓိက ဘယ်သူတွေမှာ
တာဝန်ရှိပါသလဲ...မြန်မာနိုင်ငံဟာ တိုးတက်ဖို့  အခွင့်အရေးတွေ ရှိပါလျှက်နဲ့  မတိုးတက်ခဲ့ ဘူး...ဟိုး.အောက်ဆုံးမှာ ကျန်ခဲ့ ရတယ်

ကျနော်တို့ မြန်မာလူမျိုးတွေ နိုင်ငံခြားမှာ လာပြီး အလုပ်.လုပ်ကြရ
ဟာ..ကိုယ့် နိုင်ငံမှာ ပိုက်ဆံရှာရတာ မလွယ်လို့ သူများနိုင်ငံမှာ
လာပြီး အလုပ်လုပ်..ပိုက်ဆံရှာရတာပါ..တနည်းအားဖြင့်ပြောမယ်ဆိုရင်
သူများနိုင်ငံ တိုးတက်ဖို့  လာပြီး ကျနော်တို့ တွေရဲ့  သွေးနဲ့ ၊ ချွေးနဲ့ 
ပေးဆပ်နေရတာပါ..တကယ်တမ်း ဒီလူတွေရဲ့  ခွန်အားတွေ ဟာ ကိုယ့်
နိုင်ငံတိုးတက်ဖို့  အတွက်ပဲ ဖြစ်ချင်ပါတယ်...ယခုဆိုရင် နိုင်ငံတော် သမ္မတကြီးကလည်း နိုင်ငံတိုးတက်ရေး အတွက်အကောင်းဆုံး   ဖြစ်အောင် လုပ်ဆောင်နေပါပြီ...ပိတ်ဆို့ နေတဲ့  လမ်းတွေ.အခွင့်
အရေးတွေလည်း တဖြည်းဖြည်းဖွင့်ပေးလာပါပြီ...အမေစုလည်း နေရာ
ရလာလို့  နိုင်ငံတော်အတွက် လုပ်ပိုင်ခွင့်ရလာမယ် ဆိုရင် များမကြာမီ
အတောအတွင်းမှာ ခေတ်မီတိုးတက် တဲ့  နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမယ်
လို့  ယုံကြည်မျှော်လင့်ပါတယ်...သမ္မတကြီးနဲ့  အမေစုကို တိုင်တည်ပြီး
ပြောချင်ပါတယ်...ကျနော်တို့ လို နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေရသူ
တွေကို သူများနိုင်ငံနည်းတူ အလုပ်ပေးနိုင်အောင် ဖန်တီးပြီး ပြန်ခေါ်
စေချင်ပါတယ်...ကျနော်တို့ ရဲ့  လုပ်အား..ခွန်အားတွေဟာ ကိုယ့် နိုင်ငံ
ကိုယ့် လူမျိုးအတွက်ပဲ ဖြစ်ချင်ပါတယ်...နိုင်ငံခြားမှာ အလုပ် လုပ်နေ
တဲ့  မိန်းကလေးတွေကလည်း ကိုယ့်  နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ်ကိုယ်၌
ရဲ့  ဂုဏ်သိက္ခာအတွက် ခုကတည်းက ပြုပြင်စေချင်ပါတယ်...
                 အားလုံးကို ကျေးဇူးတင်စွာဖြင့် 
                                                       ( ရင်ခွင်သစ် )

0 comments:

Post a Comment