မမင်းဖြူမှန်မှန်ပြော ခလေးအဖေဘယ်သူလဲ

ဒီသီတင်းလေးက တကယ့်အဖြစ်အပျက်လေးပါ။ ဒီသီတင်းလေးကို ဖော်ပြလို့  ကျနော်တို့ ကိုတော့ အပြစ်မမြင်စေချင်ပါဘူး။ ထူးထူးဆန်းဆန်း သီတင်းလေးဖြစ်နေလို့  ဖြန့် ဝေလိုက်တာပါ။ အကြောင်းအရာလေးကို တတ်နိုင်သမျှ မညစ်ညမ်းစေတဲ့ ကိုယ်စားညပြု ဝေါဟာရများဖြင့်အစားထိုးထားပါတယ်။
  ဒီသီတင်းမြစ်ဖျားခံရာ နိုင်ငံက ဂျာမနီနိုင်ငံ စတတ်ဂါ့မြို့ ငယ်လေးက စလာတာပါ။ အံ့သြစရာ၊ ဝမ်းနည်းဝမ်းသာ၊ ဟာသမြောက်တဲ့  ဇာတ်လမ်းတစ်ပုဒ်ပါ။
  မြန်မာစကားနဲ့ ပြောရရင်တော့  ရုံးရောက်၊ ဂတ်ရောက်၊ နောက်ဆုံးတရားရုံးက ဘယ်လို အမိန့် ချရမလဲ ခေါင်းစားနေတယ်လေ။  အမှုကဒီလိုပါ။ အလှမယ်တစ်ယောက်ကိုလက်ထပ်
ထားတဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဆိုသူအမျိုးသားဟာ အိမ်ထောင်ပြုပြီးသားသမီး
သိပ်လိုချင်ခဲ့ ပါတယ်။ အချိန်တွေသာတစ်ရွေ့ ရွေ့ ကုန်သွားတယ် သားသမီးကရမလာတော့ 
ဆေးရုံမှာ သူ့ ကိုယ်သူ သွားစစ်လိုက်တာ သူဟာ သားသမီးမရနိုင်တဲ့  ယောင်္ကျားတစ်ယောက်
ဖြစ်နေပါသတဲ့ ။ ဒါနဲ့  သူ့ ဇနီးသည် ဆန္ဒအရ နောက်ဆုံးကိုယ့်သွေားသားမဟုတ်ရင်တောင်
ဇနီးသည်ရင်နဲ့  လွယ်မွေးပေးမယ့်  ခလေးရနိုင်တဲ့  အကြံတစ်ခုကို လက်ခံလိုက်ပါတော့တယ်။
ဒီလိုနဲ့  ဇနီးမောင်နှံ နှစ်ယောက်ရဲ့  သဘောတူညီချက်အရ ၄င်းတို့ အိမ်နီးချင်းမှာရှိတဲ့  ခလေး
၂ ယောက်အဖေ ၃၆ နှစ်အရွယ် Frank Maus ထံ အလုပ်အပ်လိုက်ပါတယ်။ ခလေး ၂ ယောက်တောင်ရထားတဲ့ သူဆိုတော့လည်း ယုံယုံကြည်ကြည် အလုပ်အပ်နှံလိုက်ပါတယ်။
သူ့ မိန်းမ အလှမယ်လေး ခလေးရဖို့  တစ်ပတ်မှာ Frank နဲ့  ၃ ကြိမ်နေထိုင်ခွင့်ပေးရပါတယ်။
ဒါ့အပြင် တာဝန်ထမ်းဆောင်ခ တစ်လလျှင်ဒေါ်လာ ၂၅၀၀ နဲ့  ၆လစာ ပေးရပါတယ်။
ဒီစာချုပ်ကို ကန့် ကွက်သူတစ်ယောက်တော့ရှိပါတယ်။ သူကတော့  Frank ရဲ့  ဇနီးဖြစ်သူပါ။
ဒါပေမယ့်  Frank က သူ့ ဇနီးသည်ကို ( ဒီအလုပ်ကို ငါတကယ်မလုပ်ချင်ပါဘူးကွာ..ငွေရလို့ ပါ)
လို့  နှစ်သိမ့်  ခဲ့ ပါတယ်။ နောက်တော့ ၆ လသာပြည့်သွားတယ်..အလှမယ်လေးမှာ သားသမီးမရခဲ့ ပါဘူး။ ဒါနဲ့  Frank ကို ဆေးစစ်လိုက်တဲ့ အခါမှာ သူလည်း ခလေးမရနိုင်တဲ့ 
ယောင်္ကျားတစ်ယောက်ဖြစ်နေပါသတဲ့ ။ ဒါနဲ့  အလှမယ်လေးရဲ့  ခင်ပွန်းသည်က ဒေါသတွေ
ထွက် စိတ်တွေဆိုးပြီး တရားရုံးမှာ တရားဆွဲပါတော့တယ်။ Frank ဘက်ကလည်း စာချုပ်ထဲမှာ
" အစွမ်းရှိသလောက်ကူညီမယ် " လို့ ပဲပါပြီး " ခလေးရရစေမယ် " လို့ အာမခံမထားပါဘူးတဲ့ ။
တရားရုံးမှာ အေးအေးဆေးဆေး ပဲ ရင်ဆိုင်ကြပါတယ်။ သူ့ ကိုအကူအညီလာတောင်းတာတဲ့ 
         ဒီနေရာ မှာ အံ့ သြစရာ တစ်ခုတော့ရှိပါတယ်။ Frank မှာ ဘာလို့ ခလေးနှစ်ယောက်
ရခဲ့ တာလဲ ဆိုတဲ့ မေးခွန်းပါ။ မအံ့ သြသူတစ်ယောက်တော့  ရှိပါတယ်။ သူကတော့ 
Frank ရဲ့ ဇနီးသည်ပါ။ သူကလည်း ရုံးတော်မှာ ဝန်ခံပါတယ်။ ခု ရှိတဲ့ ခလေး ၂ ယောက်ကလည်း Frank နဲ့  ရထားတဲ့ သူတစ်ယောက်မှ မဟုတ်ပါဘူးတဲ့ လေ။ (သေပီချရာ) 
       Frank ရဲ့  ဇနီးသည်ကလည်း တားခဲ့ သေးသားပဲနော် 
                                     ဟာသလေးမို့  တင်လိုက်တာပါ
                                         ဖတ်ရတာ ရိုင်းတယ်ထင်ရင်လည်း ရင်ခွင်သစ် က
                                              တောင်းပန်ပါတယ်
                   ကျေးဇူးတင်စွာဖြင့် ( ရင်ခွင်သစ် )