မိန်းကလေးတို့ အတွက် တစ်သက်စာမှတ်စရာ

   ဂျာနယ်တိုက် တစ်ခုမှပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အင်မတန်မိန်းမပွေရှုပ်တယ်ဟု
နာမည်ကြီးသော အဆိုတော်တစ်ယောက်ကိုမေးသည်မှာ...............
 မေးသူ။....။ အကို့ ကို ပရိတ်သတ်တစ်ချို့ ကပြောနေကြတဲ့  အိုင်တွေ့ တိုင်းခြေဆေးတယ်တဲ့ 
 ဒီစကားနဲ့ ပတ်သက်ပြီး အကိုဘာများပြောချင်ပါသလဲ။
 အဆိုတော်။....။ ဟုတ်ကဲ့ ..ပရိတ်သတ်တွေပြောနေကြတဲ့  အိုင်တွေ့ တိုင်း ကျနော်ကခြေဆေး
တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်  ကျနော်ပြောချင်တာလေးတစ်ခုတော့ရှိပါတယ်။ ကျနော့် 
အနေနဲ့  အိုင်တွေ့ တိုင်းခြေဆေးတာမဆန်းပါဘူး။ဘာလို့ လဲဆိုတော့ ကျနော်ခြေဆေးတာက
အိုင်ထဲကရေပဲလေ။ သောက်ရေ၊ သုံးရေအိုးထဲက ရေမှမဟုတ်ပဲ။ မိန်းခလေးဆိုတာ ကိုယ့်ဘဝ
ကို တန်ဖိုးရှိတဲ့ ရေလိုနေရင် တန်ဖိုးရှိမယ်။ ကိုယ့်ဘဝကို ရေအိုင်ထဲကရေလိုနေရင် တန်ဖိုးမဲ့ 
မယ်။ဒါကို ကောင်းကောင်းသိထားဖို့ တော့ လိုအပ်ပါတယ်။ သောက်သုံးရေ ခြေဆေးတဲ့  
ယောင်္ကျားဆိုတာ ရှားပါတယ်။ ရှိရင်လဲ အဲဒီယောင်္ကျားဟာ စိတ်ဓါတ်ညံ့ဖျင်းတဲ့  ယောင်္ကျားပဲ
ဖြစ်ပါလိမ့် မယ်။
       ကဲ... စာဖတ်သူ အမ၊ ညီမတို့ ရေ...ကျနော်တင်ပြတဲ့  အကြောင်းအရာလေးကို သဘောပေါက်ကြမှာပါနော်။ ကျနော်တို့ မြန်မာမိန်းကလေးတွေရဲ့ ရှေးယခင် သမိုင်းကို
ကြည့်မယ်ဆိုရင် ကိုယ့်ဘဝကို အသက်ထက် မြတ်နိုးတန်ဖိုးထားကြပါတယ်။ ယနေ့ ခေတ်မှာ
တစ်ချို့ သော မိန်းခလေးတွေဟာ ကိုယ့်ဘဝကို တန်ဖိုးထားမှုတွေ နည်းလာကြပါပြီ။ ဒါ့ ကြောင့်
ကျနော် ဖတ်ဖူးတဲ့  ဆရာကံချွန်ရဲ့ အတွေးလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ညီမတို့ 
အမတို့ လည်း ကိုယ့် ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်သူတွေ ဖြစ်ကြပါစေ...
ညီအကိုတို့ လည်း မိန်းမသားတို့ ဘဝကို စာနာနားလည်နိုင်ကြပါစေ.... 
                                        စာဖတ်သူအပေါင်း ရွှင်လန်းချမ့် မြေ့ကြပါစေ
                                                ကျေးဇူးတင်စွာဖြင့်  ( ရင်ခွင်သစ် )
  မှတ်ချက်။ ခေါင်းလောင်းသံ   ရသစုံသတင်းနှင့် ရုပ်သံဂျာနယ်မှ ကူးယူဖော်ပြပါသည်။







 

0 comments:

Post a Comment